Full transcript
0:00Translator: Sanntint Tint Reviewer: sun moon
0:03ကောင်းပြီ၊ ခဲဆိပ်သင့်မှုနဲ့ ပတ်သက်ပြီး သတင်းကောင်း ပြောပြဖို့ ကျွန်တော် ဒီမှာ ရောက်ရှိနေပါပြီ။
0:09ဒါပေမဲ့ အရင်ဆုံးတော့ သတင်းဆိုးလေးတစ်ခုပေါ့။
0:12ဒါကတော့ အတိတ်က ပြဿနာတစ်ခုလို့ ကျွန်တော်တို့ သဘောထားခဲ့တဲ့ ဒီကိစ္စဟာ
0:17ဒီနေ့မှာ လူသားတွေအပေါ် စိတ်ကူးလို့တောင် မရနိုင်လောက်တဲ့ ထိခိုက်ဆုံးရှုံးမှုတစ်ခုနီးပါး
0:20ဖြစ်ပေါ်စေနေတာပါ။
0:23တကယ်တော့ ကျွန်တော့်နောက်မှာ ခင်ဗျားတို့ မြင်နေရတာတွေက ကမ္ဘာပေါ်က အသက်အငယ်ဆုံး ကလေးငယ်တွေဆီကနေ
0:26ခဲက ချက်ချင်းလက်ငင်းရော ထာဝရပါ လုယူနေတဲ့
0:30ဉာဏ်ရည်ပြကိန်းတွေပါ၊
0:34ဒီနေ့တစ်နေ့တာ ကုန်ဆုံးချိန်မှာ
0:35ဆုံးရှုံးမယ့် ဉာဏ်ရည်ပြကိန်း အရေအတွက်ဟာ ၂ သန်းကျော်လိမ့်မယ်လို့ ခန့်မှန်းရတယ်။
0:42ပြီးရင် မနက်ဖြန်မှာလည်း နောက်ထပ် ၂ သန်း ဖြစ်ဦးမှာပါ။
0:46ဒီပြဿနာကို ကျွန်တော်တို့ မဖြေရှင်းမချင်း နေ့တိုင်း ဒီလိုပဲ ထပ်ခါတလဲလဲ ဖြစ်နေဦးမှာပါ။
0:53ခဲဟာ ဦးနှောက်ကို ထိခိုက်ပျက်စီးစေရုံသာမက၊
0:55နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ နှလုံးရပ်တာနဲ့ လေဖြတ်တာတွေကြောင့်
0:57ခြောက်ခြားဖွယ်ကောင်းတဲ့
1:00လူဦးရေပမာဏကို သေဆုံးစေနေတာပါ။
1:02တကယ်တော့ နောက်ဆုံး ခန့်မှန်းချက်တွေ
1:04ရရှိထားတဲ့ ၂၀၂၃ ခုနှစ်တုန်းကဆိုရင်
1:06ဖြစ်ပွားနေဆဲ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊
1:11လမ်းမတော်တဆမှုတွေ၊ HIV နဲ့ ငှက်ဖျားရောဂါ
1:13အားလုံးပေါင်းစပ်ထားတာထက်၊
1:17ခဲကြောင့် ဆုံးရှုံးခဲ့ရတဲ့ အသက်တွေက ပို များခဲ့တယ်။
1:22ခဲဆိပ်သင့်မှုနဲ့တင် ဖြစ်တာပါ။
1:25ကျွန်တော်ဟာ “Pure Earth” လို့ခေါ်တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ပြီး ခဲဆိပ်သင့်တာကို ကာကွယ်ပေးတယ်။
1:29လွန်ခဲ့တဲ့ နှစ်အနည်းငယ်က၊
1:30ဘင်္ဂလားဒေ့ရှ်က ရွာတစ်ရွာမှာ ခဲညစ်ညမ်းမှုကို ကျွန်တော်တို့ ရှင်းလင်းနေခဲ့ကြတယ်၊
1:34ဒါဟာ လူတစ်စုက ကားဘက်ထရီအဟောင်းတွေကနေ ခဲကို ပြန်လည်အသုံးချဖို့
1:37မြေကွက်တစ်ကွက် ငှားရမ်းလုပ်ကိုင်ရာကနေ ဖြစ်ပေါ်လာတာပါ။
1:40သူတို့က ဘက်ထရီထဲက ခဲပြားတွေကို ထုတ်ယူပြီး
1:43လေဟာပြင်မှာ မီးနဲ့ အရည်ဖျော်ကြတာကြောင့်
1:45အဆိပ်သင့် ဖုန်မှုန့်တွေဟာ တစ်ရွာလုံးကို ပျံ့နှံ့သွားခဲ့တယ်။
1:49အဲဒီနေရာမှာပဲ ဆိုင်မ်နဲ့ ကျွန်တော်တို့ တွေ့ဆုံခဲ့ရတာပါ။
1:54အမှန်တော့ ခဲဆိပ်သင့်နေတဲ့ ကလေးတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ သိနိုင်မှာ မဟုတ်ပေမဲ့၊
1:58ဆိုင်မ်ရဲ့ မိခင်ကတော့ သိနေခဲ့ပါတယ်။
2:01အဲဒီလူတွေ မရောက်လာခင်တုန်းက ဆိုင်မ်ဟာ ကျောင်းစာမှာ ထူးချွန်ပြီး
2:04အရာရာကို မှတ်မိနိုင်စွမ်းရှိတယ်လို့ မိခင်က ကျွန်တော်တို့ကို ပြောပြတယ်။
2:08ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ အရာရာကို တဖြည်းဖြည်း မေ့လျော့လာခဲ့တယ်။
2:13ဆိုင်မ်က ကျွန်တော်တို့ကို ပြောပြခဲ့တာတွေကို ခင်ဗျားတို့ကို ပြချင်တယ်။
2:16(ဗီဒီယို)
2:17မေးမြန်းသူ။ မင်း ဘယ်နှတန်း ရောက်ပြီလဲ။
2:19ဆိုင်မ်။ ဒုတိယတန်းပါ။
2:20မေးမြန်းသူ။ ဒုတိယတန်းလား။
2:21ဆိုင်မ်။ ဟုတ်ပါတယ်။
2:22မေးမြန်းသူ။ ဘယ်ကျောင်းလဲ။
2:24ဆိုင်မ်။ ရာဂျာဘာရီကျောင်းပါ။
2:25မေးမြန်းသူ။ ကျောင်းမှာ မင်းရဲ့သူငယ်ချင်းတွေက ဘယ်သူတွေလဲ။
2:27ဆိုင်မ်။ မီးမ်။ တခြားသူတွေလည်း အများကြီးပါ။
2:29မေးမြန်းသူ။ မီးမ်က မင်းရဲ့အတန်းဖော်လား။
2:31ဆိုင်မ်။ ဟုတ်ပါတယ်၊ သူက ကျွန်တော်နဲ့အတန်းတူပါ။
2:32မေးမြန်းသူ။ ဘယ်အတန်းလဲ။
2:34ဆိုင်မ်။ တတိယတန်းပါ။
2:35မေးမြန်းသူ။ မီးမ်က တတိယတန်းမှာလား။
2:37ဆိုင်မ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့နှစ်ယောက်စလုံး တတိယတန်းမှာပါ။
2:39မေးမြန်းသူ။ မင်းလည်း တတိယတန်းမှာလား။
2:41ဆိုင်မ်။ ဟုတ်ပါတယ်။
2:42မေးမြန်းသူ။ မင်း ခုနကပဲ ဒုတိယတန်းမှာလို့ ပြောခဲ့တာ မဟုတ်ဘူးလား။
2:45ဆိုင်မ်။ ကျွန်တော် မမှတ်မိတော့ဘူး။
2:46မေးမြန်းသူ။ မင်း မမှတ်မိဘူးလား။
2:48ဟောပြောသူ။ ဆိုင်မ်က သူ ဘယ်နှတန်း ရောက်နေလဲဆိုတာတောင် မသိရှာဘူး။
2:51ကျွန်တော့်မှာလည်း ဆိုင်မ်နဲ့ အသက်တူ သမီးတစ်ယောက်ရှိတယ်။
2:53ခင်ဗျားတို့မှာလည်း ကလေးတွေရှိရင်
2:54သူတို့ရဲ့အတန်း အဆင့်က သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သိကြပါတယ်။
2:58တတိယတန်းတက်နေတဲ့ ကလေးကို ဒုတိယတန်းလို့ သွားခေါ်လို့ကတော့
3:01နည်းနည်းတော့ အပြောခံရတတ်တယ်နော်။
3:03(ရယ်သံများ)
3:05ဒီတော့ ကလေးတစ်ယောက်က ကိုယ် ဘယ်အတန်းထဲ ရောက်နေလဲဆိုတာတောင် မေ့သွားရအောင်
3:08ခဲက ကလေးတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေ လုပ်နေလဲ။
3:12ဆိုင်မ်ရဲ့ ဦးနှောက်ဟာလည်း တခြားကလေးတွေရဲ့ ဦးနှောက်လိုပဲ
3:16တည်ဆောက်ဆဲ မြို့သစ်တစ်မြို့လိုပါ။
3:19ကယ်လ်ဆီယမ်က မြို့ပြစီမံကိန်း ရေးဆွဲသူတစ်ဦးလို ကဏ္ဍကနေ ပါဝင်ပြီး
3:23သင်ယူမှု၊ မှတ်ဉာဏ်နဲ့ စိတ်ဆန္ဒ ထိန်းချုပ်မှုစတဲ့ ကျွန်တော်တို့ လိုအပ်တဲ့ ကိရိယာ တွေအတွက်
3:26နာဗ်ကြောဆက် လမ်းတွေနဲ့ တံတားတွေကို တည်ဆောက်ဖို့
3:31လုပ်သားတွေကို ညွှန်ကြားတယ်။
3:33ဒါပေမဲ့ ခဲက ခန္ဓာကိုယ်ထဲ ရောက်လာတဲ့အခါ၊
3:35ကယ်လ်ဆီယမ်လို အယောင်ဆောင်တော့
3:37ဦးနှောက်က ကယ်လ်ဆီယမ်အစား ခဲကို အသုံးပြုမိသွားတယ်။
3:40ဒါပေမဲ့ ခဲက အလွန်ညံ့ဖျင်းတဲ့ မြို့ပြစီမံကိန်းရေးဆွဲသူဖြစ်ပြီး
3:44လမ်းပိတ်တွေနဲ့ ဘယ်ကိုမှ မရောက်တဲ့ တံတားတွေကို တည်ဆောက်ဖို့ လုပ်သားတွေကို ညွှန်ကြားတယ်။
3:48ခဲရဲ့ ကမောက်ကမ ကွန်ရက်ကို တည်ဆောက်ပြီးသွားတာနဲ့
3:52ပျက်စီးမှုက ထာဝရ ဖြစ်သွားတယ်။
3:55ပြီးတော့ ဆိုင်မ်တစ်ယောက်တည်း မဟုတ်ဘူး။
3:57ကမ္ဘာတစ်ဝန်းမှာ
3:58ကလေးတွေနဲ့ ဆယ်ကျော်သက် တစ်ဘီလီယံကျော်ရဲ့
4:03သွေးထဲက ခဲပါဝင်မှု ပမာဏဟာ
4:06ကလေးတစ်ယောက်ရဲ့ ဘဝမှာ ဝင်ရောက်ဆောင်ရွက်ပေးရမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့
4:09အနိမ့်ဆုံး သတ်မှတ်ချက်ထက် ကျော်လွန်နေတယ်။
4:12တစ်ဘီလီယံပါ။
4:14ဒါက သုံးယောက်မှာ တစ်ယောက်နှုန်းပါ။
4:18ကဲ၊ ခင်ဗျားတို့ရဲ့ ကလေးတွေကို ကြည့်ပြီး
4:21ဘယ်ကလေးကို ရွေးချယ်ရမလဲဆိုတာ စိတ်ကူးကြည့်လိုက်ပါ။
4:26ဒီကလေးအားလုံးနီးပါးက ဝင်ငွေနည်းပြီး အလယ်အလတ်ဝင်ငွေရှိတဲ့
4:29နိုင်ငံတွေမှာ နေထိုင်ကြတာပါ၊
4:31အဲဒီမှာ ပျမ်းမျှကလေးတစ်ယောက်ဟာ ခဲကြောင့် သူတို့ရဲ့ဉာဏ်ရည်ပြကိန်းမှာ ၄ မှတ်ကနေ ၅ မှတ်ခန့်အထိ
4:36လျော့ကျသွားနိုင်လောက်အောင် ထိတွေ့မှုအဆင့် မြင့်မားနေကြတာပါ။
4:42ဒီပမာဏဟာ ဉာဏ်ရည် မျဥ်းကွေး တစ်ခုလုံးကို အောက်ဘက်ကို ဆွဲချပစ်လိုက်တာဖြစ်ပြီး
4:48ဉာဏ်ရည်ပြကိန်း ၁၃၀ နဲ့ အထက်ရှိတဲ့ ကလေးအရေအတွက်ကို
4:51တစ်ဝက်အထိ လျော့နည်းသွားစေတယ်။
4:55သူတို့က ပါရမီရှင်ကလေးတွေပါ။
4:57ဒါတင်မကဘဲ ဉာဏ်ရည်ချို့ယွင်းမှုကို ရင်ဆိုင်နေရတဲ့ ဉာဏ်ရည်ပြကိန်း ၇၀ အောက်ရှိတဲ့ ကလေးအရေအတွက်ကိုလည်း
5:02တစ်ဝက် ပိုတိုးပွားလာစေတယ်။
5:07ကဲ၊ ကလေးတစ်ယောက်ရဲ့ အလားအလာကို လုယူလိုက်ရင်၊ ဒါဟာ ကြေကွဲစရာတစ်ခုဆိုတာကို
5:12ကျွန်တော်တို့ သဘောတူကြလိမ့်မယ်လို့ ယူဆပါတယ်။
5:14ဒါပေမဲ့ ကလေးပေါင်း တစ်ဘီလီယံကို ဒီလိုလုပ်လိုက်တာက
5:17လူသားမျိုးနွယ်ရဲ့ လမ်းကြောင်းကို ပြောင်းလဲသွားစေတာပါ။
5:24ကဲ၊ ဒါတွေကတော့ သတင်းဆိုးတွေပေါ့။
5:26အခု သတင်းကောင်းပေါ။
5:28ဒါက ဖြေရှင်းလို့ရပါတယ်။
5:31ဒါက...
5:32(လက်ခုပ်၊ဩဘာသံများ)
5:37ဒါက နိုင်ငံရေးအရ သဘောမတူညီတာ၊ ကုန်ကျစရိတ် များလွန်းတာ ဒါမှမဟုတ် မှော်ဆန်တဲ့
5:40နည်းပညာအသစ်တစ်ခုခု လိုအပ်တာကြောင့်
5:41တိုးတက်မှု ရရှိဖို့ ရုန်းကန်ရမယ့်
5:44ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေထဲက တစ်ခုမဟုတ်ဘူး။
5:47ဒါက ကျွန်တော်တို့မှာ ရှိပြီးသား ကိရိယာတွေနဲ့ ဒီနေ့ခေတ်မှာ ဖြေရှင်းလို့ရနိုင်တဲ့ ပြဿနာတစ်ခုပါ။
5:51ဒါကို ကျွန်တော်တို့ သိနေတာက လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး
5:54Pure Earth က ကာကွယ်ရေး နည်းဗျူဟာတွေကို စမ်းသပ်ခဲ့တာကြောင့်ဖြစ်ပြီး
5:58အစိုးရတွေက အဓိက အဆင့် ၃ ဆင့်ကို လုပ်ဆောင်တဲ့အခါ၊ ခဲပါဝင်မှုကို
6:02သိသိသာသာ လျှော့ချနိုင်တာကို ကျွန်တော်တို့ သိရှိခဲ့ရတယ်။
6:04ဒီတော့ ဒီမှာ စံပုံစံပါ။
6:06ပထမ၊ ကလေးတွေရဲ့ ခဲထိတွေ့မှု ပမာဏတွေနဲ့ပတ်သက်တဲ့ တစ်နိုင်ငံလုံး ကိုယ်စားပြုတဲ့ စစ်တမ်းတစ်ခု ကောက်ယူတာပါ။
6:12ဒါဟာ ကလေးအရေအတွက် ဘယ်လောက်ဆိုတာနဲ့ သူတို့က ဘယ်မှာဆိုတာကို သိရှိရအောင်
6:15အခြေခံ တည်ဆောက်ဖို့
6:17ကလေး နှစ်ထောင်ခန့်ရဲ့ သွေးကို စစ်ဆေးတာကို ဆိုလိုလေ့ရှိတာပါ။
6:20ဒါပေမဲ့ အဓိကအနေနဲ့ ဒါက အစိုးရတွေကို ၎င်းတို့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေနဲ့ တွန်းအားဖြစ်စေတယ်၊
6:25ဘာလို့လဲဆိုတော့ သတင်းက အများအားဖြင့် ဆိုးရွားလေ့ရှိလို့ပါ။
6:28ဒုတိယအနေနဲ့ ခဲက ဘယ်ကလာနေတာလဲဆိုတာကို ဖော်ထုတ်ရမှာပါ။
6:31အနောက်နိုင်ငံတွေမှာ သုတ်ဆေးနဲ့ ပိုက်လိုင်းတွေအကြောင်းကို ကျွန်တော်တို့ အများဆုံး ပြောလေ့ရှိကြပြီး
6:34ဒါတွေက အခြားနိုင်ငံတွေမှာလည်း ပြဿနာတွေဖြစ်နေတာပါ၊
6:36ဒါပေမဲ့ ထိတွေ့မှုရင်းမြစ်တွေက နေရာဒေသအလိုက် အတော်ကြီး ကွဲပြားပြီး
6:40အစားအစာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ရိုးရာအလှကုန်နဲ့ ဆေးဝါးတွေ၊
6:43ကြွေရည်သုတ်အိုးခွက်တွေ၊ ဈေးပေါတဲ့ အလူမီနီယမ် အိုးခွက်တွေ၊
6:47ဆိုင်မ် ကြုံတွေ့ခဲ့ရတဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ညစ်ညမ်းမှုလို အရာတွေ ပါဝင်နိုင်တယ်။
6:52ဒါပေမဲ့ အဓိကအချက်က ကျွန်တော်တို့ ဦးစားပေးတွေကို ခွဲခြားသတ်မှတ်ဖို့ လိုအပ်တယ်။
6:56ဒီနောက် တတိယနဲ့ အရေးအကြီးဆုံးအချက်က
6:58ကျွန်တော်တို့ရဲ့ စီးပွားရေးစနစ်နဲ့ ပတ်ဝန်းကျင်ကနေ ခဲကို ထိန်းချုပ်၊ ဖယ်ရှားရမှာပါ။
7:02ဒါက စံချိန်စံညွှန်းတွေ တင်းကျပ်တာ၊ စည်းကမ်းလိုက်နာစေရေး စွမ်းဆောင်ရည်တွေကို တိုးမြှင့်တာနဲ့
7:06ညစ်ညမ်းနေတဲ့ နေရာဟောင်းတွေကို ရှင်းလင်းတာမျိုးပါ။
7:10ဒီတော့ ဒါက စံပုံစံပါ။
7:13ဒါက လွယ်တယ်လို့ ကျွန်တော် ဟန်မဆောင်ချင်ဘူး။
7:15မလွယ်ကူပေမဲ့၊ ရှုပ်ထွေးနက်နဲနေတာလည်း မဟုတ်ဘူး။
7:18ဒါက အလုပ်ဖြစ်တယ်။
7:20၂၀၁၈ ခုနှစ်မှာ ဂျော်ဂျီယာနိုင်ငံက UNICEF နဲ့ ပူးပေါင်းကာ နိုင်ငံလုံးဆိုင်ရာ စစ်တမ်းတစ်ခု ကောက်ယူခဲ့ပြီး
7:26ဂျော်ဂျီယာ ကလေးငယ် ၄၁ ရာခိုင်နှုန်းမှာ WHO ရဲ့ အနိမ့်ဆုံး သတ်မှတ်ချက်ထက် ကျော်လွန်နေတာကို တွေ့ရှိခဲ့ရတယ်။
7:33အစိုးရက Pure Earth ကို ဖိတ်ခေါ်ခဲ့ပြီး
7:35အတူပူးပေါင်းကာ အဓိကအကြောင်းရင်းအဖြစ် ညစ်ညမ်းတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ဖော်ထုတ်ခဲ့တယ်။
7:40လူတွေက ဟင်းခတ်အမွှေးအကြိုင်တွေကို လိမ္မော်ရောင်နဲ့ အနီရောင်
7:43တောက်ပဖြစ်စေဖို့ ခဲအခြေခံဆိုးဆေးတွေကို ထည့်ခပ်နေခဲ့ကြတာပါ။
7:46အစိုးရက စည်းမျဉ်းတွေကို တင်းကျပ်ခဲ့ပြီး
7:48စည်းကမ်းလိုက်နာစေရေး စွမ်းဆောင်ရည်တွေကို တိုးမြှင့်လိုက်တော့
7:50ဒီနေ့မှာ ဂျော်ဂျီယာက ခဲဓာတ်ဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ ဒေသတွေမှာ ၇၅ ရာခိုင်နှုန်းအထိ လျော့ကျသွားပါပြီ။
7:56အစိုးရက ဒီလုပ်ငန်းစဉ်ကို ဦးဆောင်ပြီး မျိုးဆက်သစ်တွေကို ကောင်းကောင်း ကာကွယ်စောင့်ရှောက်လိုက်တာပါ။
8:01(လက်ခုပ်သံများ)
8:06ဒါပေမဲ့ ဂျော်ဂျီယာတစ်နိုင်ငံတည်း မဟုတ်ဘူး။
8:08ဖိလစ်ပိုင်မှာ ပထမဆုံးအကြိမ် ကြီးမားတဲ့ စစ်တမ်းကောက်ယူရာမှာ ကျွန်တော်တို့ ကူညီပေးခဲ့တယ်။
8:11ဂါနာမှာ ခဲထိတွေ့မှု ရင်းမြစ်တွေကို ရှာဖွေဖော်ထုတ်ရာမှာ ကူညီပေးခဲ့တယ်။
8:15မက္ကဆီကိုမှာ ခဲအခြေခံ ကြွေရည်သုတ်ဆေး အသုံးပြုမှုကို လျှော့ချဖို့လည်း ကူညီပေးခဲ့တယ်။
8:18တိုးတက်မှုတွေ ရရှိနေတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့
8:21ဥပမာ ဒါဇင်ပေါင်းများစွာလည်း ရှိပါသေးတယ်။
8:25ကဲ
8:29ခဲက ဆိုင်မ်ဆီကနေ လုယူသွားတာတွေကို ကျွန်တော်တို့ သူ့ကို ပြန်မပေးနိုင်ဘူး။
8:34ဒါပေမဲ့ လက်ရှိအချိန်မှာ တည်ဆောက်ဆဲ နုနယ်တဲ့
8:38ဦးနှောက်တွေ သန်းပေါင်းများစွာ ရှိနေပါသေးတယ်။
8:42ခဲက သူတို့ဆီ မရောက်ခင် ကျွန်တော်တို့က အရင်ရောက်ဖို့ လိုအပ်တယ်။
8:47ဒါက အစီအစဉ်ပါ။
8:49Audacious Project ရဲ့ အလှူရှင်အသိုင်းအဝိုင်းက ပံ့ပိုးမှုနဲ့အတူ၊
8:52ခဲအဆိပ်သင့်နေတဲ့ ကလေးငယ် သန်း ၅၀၀ ရှိနေတဲ့ နိုင်ငံပေါင်း ၂၀ ကျော်မှာ
8:55ကျွန်တော် ခုနက ပြောပြခဲ့တဲ့ စံပုံစံကို စတင်အကောင်အထည်ဖော်နေပါတယ်။
9:00လာမယ့် ၈ နှစ်အတွင်းမှာ ဒီအစီအစဉ်ဟာ အဲဒီကလေးငယ်
9:03သန်း ၅၀၀ တင်မကဘဲ၊ သူတို့နောက်က လိုက်ပါလာမယ့် မျိုးဆက်တိုင်းရဲ့
9:07ဉာဏ်ရည်စွမ်းဆောင်ရည်၊ ကျန်းမာရေးနဲ့ အသက်ရှည်ရေးကိုပါ
9:11မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။
9:14(လက်ခုပ်၊ဩဘာသံများ)
9:22အခုဆိုရင် ခဲဆိပ်သင့်မှုအကြောင်းကို ကမ္ဘာပေါ်က လူတိုင်းနီးပါးထက်
9:28ခင်ဗျားတို့ ပိုသိသွားကြပါပြီ။
9:30(ရယ်သံများ)
9:31အဲဒီအချက်ကပဲ ကျွန်တော်တို့ရဲ့ အဓိက စိန်ခေါ်မှု ဖြစ်နေဆဲပါ။
9:37ဒါကြောင့် လူတွေကို ပြောပြပေးကြပါ။
9:39ဒီပြဿနာ ဘယ်လောက်အထိ ကြီးမားလဲဆိုတာကို ပြောပြပါ၊
9:41ပြီးတော့ ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်တယ်ဆိုတာကိုလည်း ပြောပြပေးကြပါ။
9:44ကျေးဇူးတင်ပါတယ်။
9:46(လက်ခုပ်၊ဩဘာသံများ)